1
00:00:20,020 --> 00:00:25,920
"မာယာကြွယ်သော စံအိမ်"
အပိုင်း (၂၃)

2
00:03:27,655 --> 00:03:29,366
- မင်္ဂလာနံနက်ခင်းပါ
- မင်္ဂလာနံနက်ခင်းပါ

3
00:03:29,384 --> 00:03:32,405
- ကျွန်မက ဒေါက်တာမာရီယမ်ပါ
- မင်္ဂလာပါ ဒေါက်တာ

4
00:03:32,462 --> 00:03:40,223
၁၉၉၂ခုနှစ်က ဖြစ်သွားတဲ့ကိစ္စလေးမေးချင်လို့ပါ
ဟဲအယ်လ်ဘာကွေးဆိုတဲ့ လူပါ

5
00:03:40,611 --> 00:03:45,352
- ဟဲအယ်လ်ဘာကွေး
- ၁၉၉၂

6
00:03:45,821 --> 00:03:47,662
ခဏလေးနော်

7
00:03:48,748 --> 00:03:52,505
- နာမည်ထပ်ပြောပါဦး ဒေါက်တာ
- ဟဲအယ်လ်ဘာကွေး

8
00:03:52,583 --> 00:03:56,171
- ဟဲအယ်လ်ဘာကွေး
- ဟုတ်တယ် ဟဲအယ်လ်ဘာကွေး

9
00:03:57,219 --> 00:04:01,392
အဲဒီနှစ်အပိုင်းအခြားမှာ အခုပြောတဲ့လူနာ
မှတ်တမ်းတင်ထားတာ မရှိပါဘူး

10
00:04:01,470 --> 00:04:05,566
ထပ်စစ်ပေးပါဦးလား.. နောက်တစ်ရက်
နှစ်ရက်လောက် ဆေးရုံတက်နောက်ကျတာထင်တယ်

11
00:04:05,650 --> 00:04:11,588
နာမည်နဲ့ရော နှစ်နဲ့ရော ရှာပြီးပါပြီ
မှတ်တမ်းထဲထည့်ထားရင် ကျွန်တော်တို့တွေ့ပါတယ်

12
00:04:11,747 --> 00:04:17,932
ဒီမှာက နာမည်တွေပါ.. ဆာလမ်အယ်လ်ဘာကွေးကတော့
ဆေးရုံရောက်ရောက်ချင်း ဆုံးသွားပါတယ်

13
00:04:18,355 --> 00:04:24,719
ဖက်တမာအယ်လ်ဆာရက်ဂိုဟာ
ဆေးရုံတက်ပြီး ၄နာရီကြာမှာဆုံးပါတယ်

14
00:04:25,308 --> 00:04:29,681
- ဘယ်သူလဲ
- ဖက်တမာအယ်လ်ဆာရက်ဂိုဟာပါ

15
00:04:30,944 --> 00:04:35,984
ဖက်တမာက ၈လသားကိုယ်ဝန်နဲ့ပါ

16
00:04:37,509 --> 00:04:41,692
ကလေးက ဘယ်မှာလဲဟင်

17
00:04:42,997 --> 00:04:50,150
သေစာရင်းတော့မတွေ့ဘူး
အဲဒီနောက်ပိုင်းကျွန်တော်လည်း မသိဘူးဗျ

18
00:04:50,717 --> 00:04:55,785
ဟုတ်ပြီ..ဆရာ.. ကျွန်မဘယ်လိုစုံစမ်းရမလဲ

19
00:04:56,240 --> 00:05:03,642
စိတ်အေးအေးထား ဒေါက်တာ.. အဲဒီတုန်းက
ကျွန်တော်တခြားဌာနမှာပါ.. စုံစမ်းပေးပါ့မယ်

20
00:05:03,707 --> 00:05:07,656
ကျွန်တော်အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်

21
00:05:07,767 --> 00:05:11,894
အဲဒီနှစ်တုန်းက ဆေးရုံအုပ်က ဘယ်သူလဲဟင်

22
00:05:12,326 --> 00:05:18,235
ဆေးရုံအုပ်ချုပ်ခဲ့တဲ့သူက
ဒေါက်တာအာဒယ်ဂမီ လို့ထင်ပါတယ်

23
00:05:19,749 --> 00:05:20,614
ဘယ်သူ

24
00:05:20,639 --> 00:05:23,059
ဒေါက်တာ အာဒယ်ဂမီပါ

25
00:05:35,512 --> 00:05:39,197
မျက်နှာက ဘယ်လိုဖြစ်နေတာလဲ
ဘာဖြစ်သွားတာလဲ

26
00:05:40,307 --> 00:05:46,610
- ဘာဖြစ်လို့လဲ မာရီယမ်
- တို့ဆီမှာ ၄ယောက်မြောက်မောင်နှမရှိတဲ့ပုံပဲ

27
00:05:51,699 --> 00:05:55,647
- ဘုရားရေ
- အခု ဘာလုပ်ကြမလဲ

28
00:05:58,765 --> 00:06:01,175
ဆာရာ

29
00:06:05,049 --> 00:06:08,751
သမီးဘာလုပ်နေတာလဲ
ဘယ်သွားမလို့လဲ

30
00:06:08,871 --> 00:06:12,718
- သူငယ်ချင်းနဲ့ သွားနေမလို့
- မိဘကိုခွင့်မတောင်းဘဲနဲ့လား ဆာရာ

31
00:06:12,894 --> 00:06:15,570
သမီးကို ဒီတိုင်းထားပါ
ဒီအတောအတွင်း သမီးစိတ်ညစ်နေလို့

32
00:06:15,632 --> 00:06:20,300
စိတ်ညစ်တာလား သမီးအမေကိုအပြစ်ပေးတာလား

33
00:06:20,452 --> 00:06:24,501
သမီးအမေကို ထိတ်လန့်စေချင်လို့လား
ဒါမှမဟုတ် နာကျင်အောင်ထားခဲ့တာလား

34
00:06:24,899 --> 00:06:29,743
ဒါပြဿနာမဟုတ်တော့ပါဘူး
အမေက သမီးကိုမလိုချင်တော့ဘူးထင်တယ်

35
00:06:29,872 --> 00:06:36,990
- ဘယ်လိုအမေမျိုးက သမီးကိုမလိုချင်ရမှာလဲ
- သမီးကို သမီးအရင်းလို့မှမမှတ်တာ

36
00:06:43,413 --> 00:06:49,552
သမီးရှင်းပြမယ်
သမီးအားလုံးကြားတယ်

37
00:06:50,505 --> 00:06:57,766
သမီးအမေနေမကောင်းဘူး ဆာရာ
အမြဲတမ်းတစ်ခုခုကို မယုံသင်္ကာဖြစ်နေတတ်တာ

38
00:06:58,373 --> 00:07:03,701
အဖေတို့ လက်ထပ်တုန်းကလည်း
အဖေရှုပ်ပွေနေတယ်ဆိုပြီး ထင်ခဲ့တာ

39
00:07:04,736 --> 00:07:12,565
ညဘက်ဆို သမီးပုခက်နားသွားပြီး ဒီနတ်သမီးလေးဟာ
တကယ်ပဲသူ့သမီးလားဆိုပြီး မေးမေးနေတတ်တာ

40
00:07:14,125 --> 00:07:20,334
သမီးကြားခဲ့သမျှတွေ အားလုံးမေ့ပစ်လိုက် ဆာရာ

41
00:07:20,872 --> 00:07:28,026
သူ့ကိုနားလည်ပေးဖို့ ကြိုးစားသမီး
သူ နေမကောင်းဖြစ်နေတယ်

42
00:07:30,086 --> 00:07:35,658
- သမီးက ဘယ်သူငယ်ချင်းဆီသွားမလို့လဲ
- မာရီယမ်

43
00:07:35,836 --> 00:07:43,325
အဖေလိုက်ပို့ပေးမယ်
ဒါပေမဲ့ ရက်နည်းနည်းပဲရမယ်နော်

44
00:07:44,878 --> 00:07:47,949
ပြီးအောင်သိမ်းလိုက်

45
00:07:53,578 --> 00:07:59,418
- ကျွန်တော်တို့ ယိုးနက်ကိုပြောရမယ်
- သူအလေးထားမှာမဟုတ်ဘူး

46
00:07:59,518 --> 00:08:04,906
ဘယ်သူပြောလဲမာရီယမ်..တို့တွေရဲ့
အငယ်ဆုံးကိုရှာဖို့ တို့အားလုံးအလေးထားပါတယ်

47
00:08:05,017 --> 00:08:11,141
ဦးစားပေးစရာတွေ.. ယုတ်မာတဲ့ ဦးလေးကို
ရှာတွေ့ရင် အငယ်ဆုံးလေးအကြောင်းသိရမှာပဲ

48
00:08:11,203 --> 00:08:16,437
ကျွန်တော် ဦးလေးအကြောင်းဂရုမစိုက်ဘူး
ကျွန်တော်ဂရုစိုက်တာက အငယ်ဆုံးလေးကို

49
00:08:16,590 --> 00:08:22,898
သူ ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ ဘယ်သူသိမလဲ
သူ ကျွန်တော်တို့ကိုလိုအပ်မှာ

50
00:08:23,212 --> 00:08:27,674
နောက်ထပ် ယိုးနက်တစ်ယောက်
ထပ်မလိုချင်ဘူးမဟုတ်လား မာရီယမ်

51
00:08:27,898 --> 00:08:33,524
ကျွန်တော်တို့ချင်း ရှာတွေ့ခဲ့သလိုပဲ
သူ့ကိုလည်း လိုက်ရှာရမယ်

52
00:08:33,549 --> 00:08:40,048
နောက်ထပ် ယိုးနက်တစ်ယောက်
ကျွန်တော်တို့ဘဝမှာ ရှိလို့မဖြစ်ဘူး

53
00:08:43,495 --> 00:08:45,383
- ဟယ်လို
- မာရီယမ်

54
00:08:45,502 --> 00:08:47,318
- ဟယ်လို ဆာမဲ
- နင်နိုးပြီလား

55
00:08:47,396 --> 00:08:53,589
- အိမ်ကိုပြန်နေတာ.. ဘာကိစ္စလဲ
- သူတို့တွေ ဆေးရုံကိုစစ်ဆေးနေတယ်

56
00:08:53,798 --> 00:08:56,376
- ဘာ
- နင့်ကို ဆိုင်းငံ့ထားတယ်

57
00:08:56,517 --> 00:09:01,980
- နင် ဘာပြောတာလဲ
- ဆာအိဒ် အယ်လ် နစ်နက်စ်ရဲ့ဗီဒီယိုလေ

58
00:09:04,175 --> 00:09:08,304
- အုပ်ချုပ်ရေးပိုင်းက သိသွားတယ်
- ဘယ်သူလုပ်တာလဲ ဆာမဲ

59
00:09:08,713 --> 00:09:15,577
- ဘာကြောင့်လဲ.. ဘယ်လိုဖြစ်တာလဲ
- ဖော်ဇီဟက်လက်ချက်ဖြစ်မယ် မာရီယမ်

60
00:09:21,672 --> 00:09:27,230
- အစ်မဘာဖြစ်တာလဲ.. အဆင်ပြေရဲ့လား
- ငါအရမ်းပင်ပန်းနေပြီ

61
00:09:29,608 --> 00:09:32,990
စိတ်အေးအေးထား

62
00:09:46,480 --> 00:09:48,070
ကျေးဇူးပဲ

63
00:09:52,047 --> 00:09:56,476
အတွင်းရေးမှုးကို အမေရိကားသွားဖို့
လေယာဉ်လက်မှတ် ဘွတ်ကင်ယူခိုင်းထားတယ်ဆို

64
00:09:56,589 --> 00:09:59,378
နောက်လအတွက် လေယာဉ်လက်မှတ်တွေ
ရှာကြည့်နေတာပါ

65
00:09:59,574 --> 00:10:07,395
အဖေ့ကိုတောင် မမေးဘဲနဲ့လား
အမေရိကားကို ဘာသွားလုပ်မှာလဲ

66
00:10:07,645 --> 00:10:14,084
အမေ့ဆီသွားမလို့လား
သမီးအသဲကိုခွဲခဲ့တဲ့ မိန်းမဆီသွားမလို့လား

67
00:10:14,541 --> 00:10:20,659
- သူ့အပေါ်မှာ သမီးမမျှတခဲ့ဘူးထင်တယ်
- ဘယ်လိုမမျှတတာလဲ

68
00:10:20,839 --> 00:10:23,987
အမေက သမီးကို ခဏခဏပြောဖူးတာရှိတယ်

69
00:10:24,266 --> 00:10:29,892
တစ်ခါတလေ လူတွေကို
ပြန်သုံးသပ်ကြည့်ဖို့လိုတယ်တဲ့

70
00:10:29,917 --> 00:10:34,392
လုပ်ရပ်အသေးလေးတွေက ပြောင်းလဲမှုကိုဖြစ်စေတယ်

71
00:10:36,122 --> 00:10:41,033
သမီးက အဖေ့ကိုဘာလို့ ပြန်သုံးသပ်နေရတာလဲ

72
00:10:41,058 --> 00:10:45,144
မာရီယမ်ကိစ္စ ဖော်လိုက်လို့လား

73
00:10:45,260 --> 00:10:50,278
မာရီယမ်အကြောင်း ဘာကြောင့်ဖော်ထုတ်တယ်
သူ့ကိုဘယ်လိုအသုံးချတယ်ဆိုတာ သမီးသိတယ်

74
00:10:51,206 --> 00:10:58,850
- နင် ခရီးမထွက်ရဘူး ကရီးမာ
- ဘာကြောင့်လဲ..အဖေ သမီးကိုသော့ပိတ်ထားမှာလား

75
00:11:00,126 --> 00:11:05,534
ဘာဖြစ်လို့လဲ.. မာရီယမ်က မှန်နေတော့
အဖေက ဆန့်ကျင်ဘက်ကိုသက်သေပြမလို့လား

76
00:11:05,679 --> 00:11:10,990
မဟုတ်ဘူး.. သမီးဘာပြောနေလဲ သမီးမသိဘူး

77
00:11:11,147 --> 00:11:15,128
မာရီယမ်တို့မောင်နှမတွေက လမ်းဘေးကလာတာ

78
00:11:15,287 --> 00:11:20,467
စကားတစ်လုံးတောင် ပြောစရာမလိုလောက်အောင်
မာရီယမ်က လမ်းဘေးမှာပဲရှိသင့်တာ

79
00:11:20,675 --> 00:11:26,572
မွေးစားမယ့်မိသားစုတွေ့လို့ ကံကောင်းပြီး
ဒီလို အခြေအနေထိရောက်လာတာ

80
00:11:26,760 --> 00:11:34,453
အဖေ့ကို လာစိန်ခေါ်နေတယ်
အဖေ့ကို ဦးချိုးနိုင်မယ်ထင်နေတယ်

81
00:11:34,586 --> 00:11:41,465
အမေက ပြောပါတယ်
အဖေက ကိုယ့်ကိုကိုယ်ပဲချစ်တဲ့လူတဲ့

82
00:11:41,643 --> 00:11:46,220
နင်လည်း ဒီလိုပဲ..နင့်အမေနဲ့ တခြားသူတွေလို
လေသံနဲ့

83
00:11:46,286 --> 00:11:53,390
ကိုယ့်ကိုယ်ကိုယ် မုန်းပစ်ရမှာလား.. နင်တို့တွေ
လိုက်ပြောနေလည်း ငါကိုယ့်ကိုကိုယ်ချစ်တယ်

84
00:12:02,556 --> 00:12:07,416
- အဆင်ပြေပါလိမ့်မယ်
- ဆေးထိုးတတ်အောင် ဘယ်သူသင်ပေးတာလဲ

85
00:12:08,647 --> 00:12:14,363
ကျွန်တော့်အမေက အလက်ဇန်းဒရီးယားမှာ
အဆစ်အမြစ်နာသက်သာတဲ့ ဆေးတွေထိုးတယ်

86
00:12:14,544 --> 00:12:22,069
ရှစ်ခ်နော်မန်က ဆေးထိုးတာကြောက်တော့
ကျွန်တော်ပဲသင်ရတယ်

87
00:12:22,219 --> 00:12:24,259
မွေးစားအမေကိုလွမ်းလား

88
00:12:25,839 --> 00:12:31,228
- အမေ့ကိုရော ရှစ်ခ်နော်မန်ကိုရောလွမ်းတယ်
- သူ အေးအေးချမ်းချမ်းနဲ့ အနားရပါစေ

89
00:12:31,466 --> 00:12:38,836
အလက်ဇန်းဒရီးယားက ဒီကနေ ၂နာရီပဲကွာပေမယ့်
အမေနဲ့အရမ်းဝေးနေသလို ခံစားရတယ်

90
00:12:39,020 --> 00:12:45,079
ကျွန်တော့် မောင်နှမအရင်းတွေနဲ့ကျတော့
စိတ်ချင်းပိုရင်းနှီးသလိုပဲ

91
00:12:45,251 --> 00:12:53,220
ဂုဏ်ယူသင့်တယ်နော်..တစ်ယောက်က ဒုစရိုက်သား
တစ်ယောက်ကတော့ ဆေးမှုနဲ့စွပ်စွဲခံထားရတာ

92
00:12:53,692 --> 00:13:00,054
တခြားသူတွေ အစ်မကိုဘယ်လိုမြင်လဲဂရုမစိုက်ဘူး
ကျွန်တော့်နှလုံးသားနဲ့ မြင်ကြည့်ဖို့ပဲ..

93
00:13:00,184 --> 00:13:05,067
- နှလုံးသားတွေက မြင်နိုင်လို့လား ယူဆွတ်
- မြင်ရတာပေါ့ ဒေါက်တာရဲ့

94
00:13:05,504 --> 00:13:11,476
နှလုံးသားတွေက မျက်လုံးတွေထက်
မြင်နိုင်စွမ်းအားပိုကောင်းတယ်

95
00:13:11,554 --> 00:13:15,634
အထူးသဖြင့် အစ်မရဲ့နှလုံးသားပေါ့
အားလုံးကိုမြင်နိုင်တယ်

96
00:13:15,725 --> 00:13:21,603
အဖေက ဦးလေးရဲ့ကောက်ကျစ်စဉ်းလဲတာတွေကို
ပြောပြမယ်လို့ယုံကြည်လား

97
00:13:22,204 --> 00:13:29,509
အရှင်မြတ်က လူတိုင်းကို
မတူညီတဲ့စွမ်းရည်တွေ ပေးသနားပြီးသားပါ

98
00:13:31,355 --> 00:13:36,112
အစ်မက အခြားတစ်ခုကိုမြင်ဖို့
ကြိုးစားနေတာလား မာရီယမ်

99
00:13:36,276 --> 00:13:43,140
ဆေးကြောင့် ထင်ယောင်ထင်မှားဖြစ်တာက
အစ်မတို့အတိတ်တစ်ခုလုံးကိုခြုံပြီး မြင်ရတယ်

100
00:13:43,297 --> 00:13:49,672
အစ်မမြင်နေတာက
မာရီယမ်ဟက်စိန်ဖဲဘက်ကနေပဲ တွေ့ရတာ

101
00:13:49,865 --> 00:13:56,968
အစ်မက မာရီယမ်ဆာလမ်အဲလ်ဘာကွေးအဖြစ်
ကိုယ့်ကိုယ်ကိုယ်လက်ခံမှ အဆင်ပြေလိမ့်မယ်

102
00:13:58,149 --> 00:14:02,623
- ငါမရဘူး ယူဆွတ်
- ရရမယ်

103
00:14:02,817 --> 00:14:08,645
အစ်မသာ လက်ခံလိုက်ရင်
အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်

104
00:14:09,683 --> 00:14:15,070
အစ်မပြောင်းလဲလာအောင် ဆုတောင်းပေးပါဦး..
ဆာရာလမ်းမှာ ရောက်နေပြီ

105
00:14:15,170 --> 00:14:19,819
- ဆာရာက ဒေါက်တာအာဒယ်ရဲ့သမီးလား
- ဟုတ်တယ်..သူလည်းပါလာမှာလေ

106
00:14:19,964 --> 00:14:24,199
ငါတို့မိဘတွေ ဆေးရုံသွားတဲ့အချိန်ကို
ငါမေးလိုက်မယ်

107
00:14:24,454 --> 00:14:30,363
- ကောင်းတယ်.. ကျွန်တော်အပြင်မှာစောင့်မယ်
- အင်းပါ

108
00:15:05,153 --> 00:15:11,914
သမီးရဲ့အစ်ကို ယိုးနက်နဲ့
မောင်လေးယူဆွတ်ကို စောင့်ရှောက်နော်

109
00:15:34,714 --> 00:15:42,280
- ဘယ်သူမှမစားကြဘူးလား
- ရာဒဝါထွက်သွားတော့ ဘယ်သူစားချင်စိတ်ရှိမလဲ

110
00:15:42,368 --> 00:15:48,641
ကျွန်တော်သူ့ကိုတွေ့ရင် သတ်ပစ်မယ်
ဒီကိုပြန်ခေါ်လာပြီး အပြစ်ပေးရမယ်

111
00:15:48,666 --> 00:15:51,961
ယိုးနက်ကို အိမ်မှာနေခွင့်ပေးထားတဲ့
အန်တီကြီးကို ကတိချိုးဖောက်မလို့လား

112
00:15:51,986 --> 00:15:59,717
အဲဒီအမျိုးသမီးကြီးက မိသားစုဝင်မှမဟုတ်တာ
ငါတို့တွေ ရှက်စရာကြီးဖြစ်နေမယ်

113
00:15:59,861 --> 00:16:04,433
အဲဒီအမျိုးသမီးကြီးက ယိုးနက်ရဲ့ညီမ
မာရီယမ်ဆာလမ်အယ်လ်ဘာကွေးကို မွေးစားထားတာ

114
00:16:04,641 --> 00:16:09,351
ယိုးနက်ကိုလည်း အဖေသေချာစောင့်ရှောက်ပြီး
ဒုစရိုက်သမားမဖြစ်အောင် သွန်သင်ရမှာ

115
00:16:09,473 --> 00:16:13,954
အဖေ့သားအရင်း ဆာဘာလိုမျိုး
ယိုးနက်ကိုလည်း ဂရုစိုက်ပေးခဲ့ရမှာ

116
00:16:14,013 --> 00:16:20,009
တော်ပြီ ကောသာ.. ငါ့ကိုထပ်မပြောနဲ့တော့

117
00:16:35,809 --> 00:16:42,450
- သူ့ကို မြန်မြန်ထုတ်လိုက်
- သွား.. သွား

118
00:16:53,954 --> 00:16:57,764
တူသောအကျိုးကို ပြန်ခံစားရမှာပဲ

119
00:16:57,834 --> 00:17:03,143
ငါ့ကို ဘယ်တော့မှထပ်မခိုးဖို့
ကျိန်စေချင်တာလား ကောသာ

120
00:17:03,234 --> 00:17:08,123
ငါ့သမီးကိုကယ်လို့ ယိုးနက်က
ငါ့ကိုခွင့်လွှတ်မယ်..ဆာဘာလည်းအမြင်မှန်မယ်

121
00:17:08,227 --> 00:17:13,449
သမီးလည်း လူကောင်းတစ်ယောက်နဲ့တွေ့ပြီး
မက်ဒီကိုလက်စားချေလို့ရမယ်

122
00:17:13,565 --> 00:17:18,789
ကျေးဇူးပြုပြီးတော့ အရှင်.. မက်ဒီကိုပေးပါ
သူ့ကိုအပြစ်ပေးနိုင်အောင် တုပ်နှောင်ပေးပါ

123
00:17:33,147 --> 00:17:38,227
- အထဲကိုဝင်
- ကျေးဇူးပါအရှင်.. ကျေးဇူးပါ

124
00:17:38,365 --> 00:17:42,386
ငါ့ဆုတောင်းသံကို အရှင်က
ချက်ချင်းပြည့်အောင် လုပ်ပေးတယ်

125
00:17:42,519 --> 00:17:45,919
သူ့ကိုအရင်ကွဲလိုက်

126
00:17:50,215 --> 00:17:51,990
ငါကျိန်ရဲပါတယ်
မင်းကိုငါချစ်တယ် ကောသာ

127
00:17:52,064 --> 00:17:55,680
ကျွန်မနာမည်ထပ်မပြောနဲ့တော့
အခုချက်ချင်း ကွာပေး

128
00:17:55,765 --> 00:17:59,610
မဟုတ်ရင် ကျွန်မအဖေနဲ့အစ်ကိုတွေ
ဘာမှမလုပ်ရင်တောင် ရှင့်ကိုတစစီလုပ်ပစ်မယ်

129
00:17:59,718 --> 00:18:04,959
- ပြောလိုက်တော့ မက်ဒီ
- နောက်ဆုံးကွာရှင်းခြင်းပဲ

130
00:18:08,365 --> 00:18:13,684
မင်းက ကွာရှင်းပြီးပါပြီ ကောသာ

131
00:18:20,664 --> 00:18:23,635
- မင်္ဂလာပါ
- နင့်ကိုလွမ်းနေတာ မာရီယမ်

132
00:18:26,082 --> 00:18:27,139
အထဲဝင်လာ

133
00:18:27,430 --> 00:18:29,948
- မင်္ဂလာပါ မာရီယမ်
- မင်္ဂလာပါ ဒေါက်တာ

134
00:18:33,524 --> 00:18:35,235
- နေကောင်းရဲ့လား
- ကောင်းပါတယ်

135
00:18:35,317 --> 00:18:37,382
- ကြိုဆိုပါတယ်
- ကျေးဇူးပါ

136
00:18:37,457 --> 00:18:40,040
- ယူဆွတ်.. ဆာရာ.. ဒေါက်တာ အာဒယ်
- မင်္ဂလာပါဗျာ

137
00:18:40,225 --> 00:18:41,872
မင်္ဂလာပါ

138
00:18:43,375 --> 00:18:46,697
ဆာရာ့ကိုခေါ်လာပေးလို့ ကျေးဇူးပါဒေါက်တာ

139
00:18:46,799 --> 00:18:51,327
သူက ဒီကိုပဲလာချင်နေတာ.. ကျွန်တော်လည်း
မာရီယမ်ကလွဲလို့ ဘယ်သူ့မှမယုံဘူးလေ

140
00:18:51,430 --> 00:18:57,857
အခြားပါတနာတွေကတော့ ဒီလိုမထင်ဘူး
ဒေါက်တာစိတ်မပြောင်းတာသိရလို့ ဝမ်းသာပါတယ်

141
00:18:57,943 --> 00:19:02,900
ကျွန်တော့်မှာလုပ်ပိုင်ခွင့်မရှိဘူး မာရီယမ်
မာရီယမ်ကို ဆက်ထားဖို့ကြိုးစားနေရတယ်

142
00:19:03,120 --> 00:19:10,967
- ဖော်ဇီနဲ့နဟက်တို့က ကျွန်တော်နဲ့အတိုက်အခံ
- ကျွန်မရောပဲ ကျွန်မလုပ်ပိုင်ခွင့်တွေယူရမယ်

143
00:19:11,093 --> 00:19:13,538
အခြေအနေ ဘယ်ထိရောက်သွားမလဲ
မင်းမမြင်နိုင်ဘူး မာရီယမ်

144
00:19:13,563 --> 00:19:16,249
ကျွန်မမှာ ဆုံးရှုံးစရာဘာမှမရှိပါဘူး

145
00:19:16,350 --> 00:19:21,997
နင့်ကိုပဲ ယုံကြည်ကြတဲ့
လူနာတွေလည်း ရှိသေးတယ်.. မာရီယမ်

146
00:19:22,250 --> 00:19:27,731
အဖေပြောချင်တာက နင်ဒီတိုက်ပွဲထဲ
ပါဖို့မလိုဘူး.. လွတ်အောင်ရှောင်ဖို့ပြောတာ

147
00:19:27,836 --> 00:19:35,522
တိုက်ပွဲကလွတ်ပေမယ့် တစ်သက်လုံး
လိပ်ပြာမလုံသလို နေသွားရမယ်လေ

148
00:19:35,547 --> 00:19:37,641
ကျွန်တော့်အမြင်ပြောတာပါ

149
00:19:37,989 --> 00:19:43,623
- တောင်းပန်ပါတယ်..ဒါပေမဲ့ ခင်ဗျားက
- ကျွန်တော်.. ကျွန်တော်က

150
00:19:43,735 --> 00:19:46,146
ယူဆွတ်ပါ

151
00:19:48,162 --> 00:19:52,714
ယူဆွတ်ဆာလမ်အယ်လ်ဘာကွေးပါ
ကျွန်မရဲ့မောင်လေး

152
00:19:55,935 --> 00:19:59,428
ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ
ရိုက်ပုတ်ထုတ်ရမလား.. ကန်ထုတ်ရမလား

153
00:19:59,556 --> 00:20:05,674
သူကသာ လူလိမ်မ.. ကျွန်မသမီးက ဘယ်တော့မှ
ဆေးသမားမဟုတ်ဘူးဆိုတာ ပြောလိုက်သင့်တယ်

154
00:20:05,728 --> 00:20:10,979
ပြောခဲ့ပါတယ် ဟာဂါ..
ကျွန်တော် မာရီယမ်ကိုကာကွယ်ပေးခဲ့တယ်

155
00:20:11,120 --> 00:20:17,983
ကျွန်တော် မာရီယမ်ကိုသိပါတယ်..ကျွန်တော်တို့
ကိစ္စက မင်းကလေးမွေးစားတာနဲ့မဆိုင်ဘူး

156
00:20:18,008 --> 00:20:21,470
ဗီဒီယိုကိုပြပြီး မာရီယမ်ကို
ခြိမ်းခြောက်အကျပ်ကိုင်ဖို့ လုပ်နေတာလား

157
00:20:21,495 --> 00:20:27,330
သူ့မှာလည်း သူ့အကြောင်းပြချက်ရှိမှာသေချာတယ်
လူတိုင်းက အမှားတွေလုပ်ကြတယ်လေ

158
00:20:27,449 --> 00:20:32,392
နဟက်ရော ကျွန်တော်ရော မာရီယမ်လို
မိန်းကလေးမျိုးကို အကဲမဖြတ်သင့်ပါဘူး

159
00:20:32,570 --> 00:20:39,680
ကျွန်မတောင်းပန်ပါတယ် ဖာရု
နဟက်လာတာ ရှင့်ကိုအတင်းလာပြောတာထင်လို့

160
00:20:39,874 --> 00:20:45,165
နဟက်က ဒီလောက်မဆိုးပါဘူး..မင်းကိုချစ်ပါတယ်
မာရီယမ်နဲ့လည်း ပြန်အဆင်ပြေချင်တာပါ

161
00:20:45,321 --> 00:20:49,025
သူ့ကိုမျက်စိအမြင် ဖွင့်ပေးမယ့်လူပဲလိုတာ

162
00:20:49,361 --> 00:20:55,801
လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့
မာရီယမ်ကိုပြောပေးပါ အားလုံးတောင်းပန်ပါတယ်

163
00:20:55,915 --> 00:21:02,116
နှစ်ပေါင်းများစွာ ရာမီကြောင့်အပြစ်ရှိသလို
ခံစားခိုင်းပြီးတော့ အခုမှ လာတောင်းပန်နေတယ်

164
00:21:02,248 --> 00:21:05,084
မာရီယမ်က ရာမီထွက်သွားတာနဲ့ ဘာမှမဆိုင်ပါဘူး

165
00:21:05,243 --> 00:21:11,671
ရာမီထွက်သွားပြီး အခန်းကိုရှာတော့
သူသွားမယ့်နေရာကို သဲလွန်စလေးချန်ခဲ့တယ်

166
00:21:11,839 --> 00:21:19,179
မာရီယမ်အတွက် သူထားခဲ့တဲ့ စာတစ်စောင်တွေ့တယ်

167
00:21:19,500 --> 00:21:27,258
စာကို ဒီလောက်အကြာကြီး
သိမ်းထားတာ တောင်းပန်ပါတယ်..သွားယူလိုက်မယ်

168
00:21:37,792 --> 00:21:41,921
- အချိန်၁ မိနစ်လောက်ရမလား
- ပြောလေ

169
00:21:42,870 --> 00:21:46,893
- မင်း ဆာရာနဲ့ စကားပြောခဲ့တယ်
- ရှင့်ကိုစိတ်မပူဖို့ပြောတာပါ

170
00:21:47,091 --> 00:21:52,034
- ငါလည်း မင်းကိုပဲစိတ်ပူတာ
- ကျေးဇူးအများကြီးတင်ပါတယ်

171
00:21:52,180 --> 00:21:56,199
- မင်းလုပ်ရပ်မှန်တယ် .. ကရီးမာ
- အဲဒီလိုသိတာကောင်းတယ်

172
00:21:56,319 --> 00:22:02,374
ငါ မင်းကိုဂရုစိုက်တယ်ဆိုတာ သိတယ်မို့လား
ဒါပေမဲ့ ငါမေးစရာရှိတယ်

173
00:22:02,399 --> 00:22:04,552
မင်းအဖေလုပ်ရပ်တွေက မှန်လို့လား

174
00:22:04,681 --> 00:22:08,098
ရှင် ဘာဖြစ်လို့ ဒီရောက်နေတာလဲ ရှရိဖ်

175
00:22:09,686 --> 00:22:11,490
မင်းအကူအညီလိုတယ်

176
00:22:11,796 --> 00:22:13,247
ဘယ်လိုမျိုးလဲ

177
00:22:13,950 --> 00:22:19,095
မာရီယမ်ကိုခြိမ်းခြောက်ထားတဲ့ ဗီဒီယိုလေ
သူ ဘယ်လိုရလာတာလဲ

178
00:22:19,725 --> 00:22:23,967
မသိဘူးလေ.. သူ့မှာ သူနည်းလမ်းနဲ့သူရှိမှာပေါ့

179
00:22:24,197 --> 00:22:30,064
မင်းအဖေကိုရော..မာရီယမ်ကိုရော.. ဆေးကိုရော
သိတဲ့သူရှိတယ်.. ဘယ်သူလဲသိလား

180
00:22:30,477 --> 00:22:37,836
မသိဘူး.. ဒါပေမဲ့ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့
ဆရာဝန်တစ်ယောက် လာတယ်လေ

181
00:22:37,861 --> 00:22:39,872
သူ မာရီယမ်ကိုသိကောင်းသိနိုင်မလား

182
00:22:40,005 --> 00:22:41,528
သူ့နာမည်ဘယ်သူလဲ

183
00:22:42,478 --> 00:22:44,730
မင်းတို့ ဘယ်လိုရလာတာလဲ

184
00:22:44,845 --> 00:22:50,443
အရေးမကြီးပါဘူး.. ဖော်ဇီဟက်
ရာဇဝတ်သားဖြစ်ကြောင်း သက်သေပဲ

185
00:22:50,598 --> 00:22:55,672
သူက အိမ်ခြံမြေအကျိုးတော်ဆောင်
မစ္စစ်နဟက်ကို ဦးလေးပြောရမယ်

186
00:22:55,757 --> 00:22:59,478
အန်ကယ်က ပါတနာပိုင်းကိုအဆုံးသတ်ပြီး
ကိုယ့်ဂုဏ်သိက္ခာကို ကယ်တင်သင့်တယ်

187
00:22:59,557 --> 00:23:05,903
ငါထပ်မပါတော့ဘူး.. မာရီယမ်
မင်းဘက်နေပြီး ငါထွက်ခဲ့ပြီးပြီ

188
00:23:06,072 --> 00:23:11,158
နဟက်က ဆုံးသွားတဲ့သူ့ယောကျ်ားရဲ့
အိပ်မက်ကို အကောင်အထည်ဖော်ချင်တာ

189
00:23:11,285 --> 00:23:14,811
ဖော်ဇီဟက်က နဟက်နဲ့ နဟက်ရဲ့ပိုက်ဆံတွေ..
ကုမ္ပဏီတွေကို ထိန်းချုပ်ထားတာ

190
00:23:14,992 --> 00:23:21,100
အနှောင့်အယှက်ပေးရတာတောင်းပန်ပါတယ် ဒေါက်တာ
ဖော်ဇီဟက်က ဘယ်သူလဲ

191
00:23:21,313 --> 00:23:28,998
အန်ကယ့်လိုမျိုး နာမည်ကြီးပုဂ္ဂိုလ်တောင်
သူ့စကားနာခံအောင် ဘယ်လိုလုပ်လိုက်တာလဲ

192
00:23:30,841 --> 00:23:36,810
လွန်ခဲ့တဲ့ နှစ်၂၀တုန်းက နဟက်ရဲ့အမျိုးသား
ဆာလားက ဖော်ဇီနဲ့တွေ့ခဲ့တယ်

193
00:23:37,018 --> 00:23:42,356
ဖော်ဇီက ငွေသန်းချီပြီးအရောင်းအဝယ်လုပ်နေတာ
သူဘယ်လိုငွေတွေရလာလဲ ဘယ်သူ့မှမသိဘူး

194
00:23:42,594 --> 00:23:48,289
ဆာလားရဲ့ချေးငွေတွေက ပြန်မဆပ်နိုင်သေးတော့
ဖော်ဇီက ပါတနာအဖြစ်လက်ခံပြီး ကူညီပေးလိုက်တယ်

195
00:23:49,201 --> 00:23:56,970
ဆာလားက ဖော်ဇီကို ရှယ်ယာ ၅၁ ရာခိုင်နှုန်း
ပေးဖို့ငြင်းတယ်..ဖော်ဇီနဲ့တွဲမလုပ်ချင်ဘူး

196
00:23:57,143 --> 00:24:00,475
နောက် ဆာလာလည်းနေမကောင်းဖြစ်ပြီး
သူ့ငွေတွေကို ဘဏ်ကသိမ်းသွားတယ်

197
00:24:00,645 --> 00:24:06,969
နဟက်သဘောတူရတယ်..သူတို့သားအမိနှစ်ယောက်ရဲ့
အသက်ကို ဖော်ဇီရဲ့ပိုက်ဆံနဲ့ ကယ်လိုက်ရတာပေါ့

198
00:24:07,153 --> 00:24:10,831
ဖော်ဇီဟက်မှာ ပိုက်ဆံတွေအများကြီးရှိတယ်
သူ ဝယ်ချင်တာဝယ်လို့ရတယ်

199
00:24:11,060 --> 00:24:13,839
ဖော်ဇီက ကျွန်တော့်ကင်ဆာဆေးရုံအတွက်
ပါတနာဖြစ်ချင်ခဲ့တာ..

200
00:24:13,864 --> 00:24:16,274
ကျွန်တော်သဘောမတူပါဘူး
ကိုယ်နဲ့အဆင်ပြေတဲ့ပါတနာတွေပဲ ရွေးလိုက်တယ်

201
00:24:16,410 --> 00:24:23,200
ဒါကြောင့် ကျွန်တော်တို့အချင်းချင်းမယုံဘူး
မာရီယမ်ပြီးရင် ကျွန်တော်က ဒုတိယမြောက်ပဲ

202
00:24:23,349 --> 00:24:28,541
သူက သန်းနဲ့ချီတန်တဲ့ ဘဏ်ချေးငွေတွေကို
အာမခံမရှိဘဲနဲ့ ယူလာတာ

203
00:24:28,566 --> 00:24:32,131
ပရောဂျက်တွေအများကြီးထဲမှာ ရင်းနှီးထားတာ
သူ ပိုက်ဆံတွေကိုဘယ်ကရလဲ ဒေါက်တာ

204
00:24:32,156 --> 00:24:35,001
ဘယ်သူမှ မသိကြဘူး

205
00:24:35,355 --> 00:24:40,790
ဖော်ဇီနဲ့ ယှဉ်ပြီးရန်မဖြစ်ပါနဲ့..
ဖော်ဇီဘက်မှာ ရှေ့နေတစ်သိုက်ရှိတယ်

206
00:24:45,394 --> 00:24:53,023
မင်းသူငယ်ချင်းကို ခုထိကာကွယ်ပေးနေတာ
ထောင်ထဲလိုက်သွားချင်လား ရှရိဖ်

207
00:24:53,644 --> 00:24:57,574
မာရီယမ်ကို ပရောဂျက်ထဲကထုတ်ပစ်ဖို့
စီစဉ်တာ ကောင်းတယ်ထင်နေလား

208
00:24:57,665 --> 00:25:01,442
မင်းအဖေမျက်နှာရှိနေလို့ ငါသည်းခံနေတာနော်

209
00:25:01,615 --> 00:25:08,935
မင်းကိုယ်မင်း ဟုတ်လှပြီမထင်နဲ့
မင်းနဲ့ပြိုင်ငြင်းဖို့ ငါ့မှာအချိန်မရှိဘူး

210
00:25:09,236 --> 00:25:13,174
ငါက ဘုတ်အဖွဲ့ကိုထိန်းချုပ်ထားတာ
မင်းက ဝန်ထမ်းသက်သက်ပဲ

211
00:25:13,286 --> 00:25:20,257
- အန်ကယ် တစ်နေ့ ဒီလိုစကားပြောမယ်ဆိုတာသိတယ်
- သွားတော့လေ

212
00:25:20,342 --> 00:25:21,951
ကျွန်တော် နှုတ်ထွက်တယ်

213
00:25:21,976 --> 00:25:29,374
ကျွန်တော့်ရှယ်ယာတွေကို
အပြင်မှာပဲ ရောင်းလိုက်မယ်

214
00:25:29,700 --> 00:25:34,430
မင်းအဖေရဲ့ ပရောဂျက်ရှယ်ယာတွေကို
မင်းရဲ့စီးပွားရေးတွေထဲ ပြန်သုံးမှာလား

215
00:25:34,547 --> 00:25:40,482
ကျွန်တော့်စီးပွားရေးတွေက
ပေါက်လွတ်ပဲစားမဟုတ်ဘူး..ခင်ဗျားငွေ မလိုဘူး

216
00:25:42,034 --> 00:25:47,556
- ဒီအတွက် ငါ့သမီးကိုလက်ထပ်ချင်ခဲ့တာပေါ့
- ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ

217
00:25:49,798 --> 00:25:57,559
မင်းကို သင်ခန်းစာပေးဖို့
မင်းရှယ်ယာတွေ ငါဝယ်ဦးမှာ

218
00:25:59,401 --> 00:26:02,269
မာရီယမ်.. ဆာရာ့ကိုဂရုစိုက်ပေးပါ
သူ့ကို အဆင်ပြေအောင်ထားပေးပါနော်

219
00:26:02,451 --> 00:26:05,035
တစ်ချိန်လုံး သူ့နားမှာနေပြီး
စကားပြောပေးပါ့မယ်ရှင်

220
00:26:05,392 --> 00:26:11,057
မပူပါနဲ့ ဒေါက်တာ.. တကျည်ကျည်လုပ်နေတဲ့
အမေ့ကိုပဲ သည်းခံဖို့မျှော်လင့်တယ်

221
00:26:11,799 --> 00:26:15,592
တွေ့ရတာ ဝမ်းသာတယ် ယူဆွတ်
ကျွန်တော်တို့သေချာပေါက် ထပ်တွေ့ရဦးမှာပါ

222
00:26:15,736 --> 00:26:17,302
ကျွန်တော်လည်း မျှော်လင့်ပါတယ်
ဒေါက်တာ

223
00:26:17,459 --> 00:26:19,820
- ခွင့်ပြုပါဦး
- ရှေ့ကသွားပါ

224
00:26:20,306 --> 00:26:27,965
ဒေါက်တာအာဒယ်.. မေးခွန်းတစ်ခုမေးမယ်နော်..
ဒေါက်တာက ဂီဇာဆေးရုံမန်နေဂျာလုပ်ခဲ့တယ်မလား..

225
00:26:28,081 --> 00:26:29,376
ဟုတ်တယ်.. ဘာဖြစ်လို့လဲ

226
00:26:29,601 --> 00:26:35,402
ကျွန်မတို့ခုမှသိရတာ ကျွန်မတို့
မိဘတွေက အိမ်ပြိုကျပြီးသေတယ်ဆိုတာကိုပါ

227
00:26:35,548 --> 00:26:38,433
ကျွန်မအဖေက ဆေးရုံကားပေါ်မှာပဲဆုံးသွားတယ်

228
00:26:38,621 --> 00:26:43,022
အမေကတော့ ဆေးရုံရောက်ပြီး
၄ နာရီအကြာမှာဆုံးသွားတယ်

229
00:26:43,307 --> 00:26:46,720
- ငြိမ်းအေးစွာ အနားယူကြပါစေ
- အရှင်မြတ်စောင့်ရှောက်ပါစေ

230
00:26:46,917 --> 00:26:53,693
- ကျွန်မအမေက မွေးခါနီးကိုယ်ဝန်ကြီးနဲ့ပါ
- ကလေးရော ဘာဖြစ်သွားလဲ

231
00:26:53,827 --> 00:27:01,525
ကလေးသေသွားတယ်ဆိုတဲ့ အထောက်အထားမတွေ့ခဲ့ပါဘူး

232
00:27:01,550 --> 00:27:04,995
ကြည့်ရတာ ကျွန်တော်တို့မောင်နှမအငယ်ဆုံးလေး
အသက်ရှင်နေသေးတယ် ထင်တယ်

233
00:27:05,339 --> 00:27:12,812
ဆေးရုံမှာသွားမေးတာလည်း ဘာမှမသိရဘူး
ကျွန်တော်တို့အမှန်ကို သိချင်ပါတယ်

234
00:27:13,118 --> 00:27:16,682
ဒေါက်တာကူညီပေးဖို့ မျှော်လင့်ပါတယ်

235
00:27:16,707 --> 00:27:21,914
ကျွန်တော်တတ်နိုင်သလောက် ကူညီပေးပါ့မယ်
ခွင့်ပြုပါဦး

236
00:27:21,980 --> 00:27:23,844
သွားပါဦးမယ်

237
00:27:42,750 --> 00:27:47,432
ကျွန်မအမေက ကလေးမွေးတော့မှာ

238
00:27:49,879 --> 00:27:55,378
ကလေးသေသွားတဲ့
အထောက်အထားလည်း ရှာမတွေ့ခဲ့ဘူး

239
00:27:57,485 --> 00:28:01,054
ကျွန်တော့်အထင် သူအသက်ရှင်နေဦးမယ်

240
00:28:04,230 --> 00:28:06,943
နင် ရုတ်တရက်ကြီး အစ်ကိုတွေမောင်တွေ
ရလာတာလား

241
00:28:07,077 --> 00:28:10,804
ရုပ်ရှင်ဆိုရင်တောင် ငါယုံမှာမဟုတ်ဘူး

242
00:28:10,829 --> 00:28:13,344
အရမ်းထူးဆန်းတာပဲနော် မာရီယမ်

243
00:28:13,530 --> 00:28:19,030
တစ်ခါတလေမှာ လက်တွေ့က
စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်တယ်

244
00:28:19,457 --> 00:28:24,073
ကလေးက မိန်းကလေးလား ယောကျ်ားလေးလား
ဘယ်ရောက်သွားတာလဲ

245
00:28:24,246 --> 00:28:28,964
မသိဘူး.. ကလေးအသက်ရှင်နေသေးတာပဲသိတယ်

246
00:28:29,146 --> 00:28:35,496
ငါ ငါ့အစ်ကိုတွေမောင်တွေနဲ့ ပြန်တွေ့သလိုပဲ
တွေ့ဖို့ကံပါရင်တော့ ပြန်တွေ့ရမှာပေါ့

247
00:28:36,791 --> 00:28:39,021
တစ်ခုခုပြောချင်နေတာလား

248
00:28:39,303 --> 00:28:45,204
စိတ်ကူးယဉ်နေတာလေ.. အဖေ့မှာလည်း
တခြားကလေးတွေရှိရင် ကောင်းမယ်လို့

249
00:28:45,390 --> 00:28:50,249
ဒေါက်တာအာဒယ်လား..မဖြစ်နိုင်တာ
နင့်အမေက သိမ်းငှက်လိုမျိုးစောင့်ကြည့်နေတာလေ

250
00:28:50,684 --> 00:28:53,568
အမေက အမြဲတမ်းသံသယတွေနဲ့
အဖေ့ကို စိတ်ညစ်အောင်လုပ်နေတာ

251
00:28:53,593 --> 00:29:00,617
ဒေါက်တာအာဒယ်က တမန်တော်နော်..
ဆေးရုံမှာ အချိန်အရမ်းတိကျတဲ့ဆရာဝန်

252
00:29:01,630 --> 00:29:04,722
ငါ့ကို တစ်ခုခုဖုံးထားတာများရှိလား

253
00:29:05,002 --> 00:29:12,543
တကယ်ဖြစ်လာတော့မယ့် အချစ်ရေးတစ်ခုကို
ငါနောက်ဆုတ်လိုက်ရတယ်

254
00:29:14,512 --> 00:29:19,822
အမှီခိုကင်းပြီးခိုင်မာတဲ့ မိန်းကလေးတွေက
အချစ်ရေးမှာ အရှုံးမခံဘူး

255
00:29:23,430 --> 00:29:28,950
အားလုံးအပြစ် ပြောစရာမရှိတာတောင်မှ

256
00:29:28,975 --> 00:29:33,311
ငါက ရှက်လွန်းလို့နောက်ပြန်ဆုတ်ခဲ့တာလေ

257
00:29:33,420 --> 00:29:40,758
နင်က သေချာပြုစုပျိုးထောင်ခံလာရတာပဲ
ထိုက်တန်တဲ့သူနဲ့ တွေ့မှာပါ

258
00:29:41,022 --> 00:29:46,572
- အန်တီနဲ့ အတူတူသွားစားရအောင်
- ဟုတ်ပြီလေ

259
00:29:49,333 --> 00:29:57,289
ဟယ်လို..ဟယ်လို
မိန်းမလှလေးတွေက ငါ့ကိုအဖော်ပြုပေးနေတာ

260
00:29:57,474 --> 00:30:04,189
သမီးယူဆွတ်ကို ပြောလိုက်မယ်နော်
အမေကသူ့ကိုမချစ်ဘူး သမီးတို့ကိုချစ်တာလို့

261
00:30:04,316 --> 00:30:10,346
ဒီကောင်မလေးတော့.. မပြောပါနဲ့
ယူဆွတ်က အမေ့သားပါ.. သူ့ဘာသူ နေပါစေ

262
00:30:10,526 --> 00:30:14,893
အမေ စားပြီးပြီဆိုတော့ တီဗီကြည့်ကြမလား

263
00:30:15,083 --> 00:30:21,069
- အင်း.. အရင်ဆုံးစကားပြောကြမယ်
- သမီးအဝတ်အစားသွားလဲဦးမယ်နော်

264
00:30:21,275 --> 00:30:23,516
ဟုတ်ပါပြီ သဲလေး

265
00:30:25,601 --> 00:30:29,870
- သူရှက်သွားပြီ
- နေဦး.. ဒါယူထားလိုက်

266
00:30:29,943 --> 00:30:33,057
- ဒါ ဘာလဲ
- သမီးတွေ့လိမ့်မယ်

267
00:30:46,079 --> 00:30:51,236
မာရီယမ်.. လူတွေအကုန်လုံးက ကိုယ်ထွက်သွားတာ
မင်းကြောင့်ပြောနေလို့ ဒီစာရေးလိုက်တယ်

268
00:30:56,190 --> 00:31:01,763
ဒါမင်းအပြစ်မဟုတ်ဘူး.. ကိုယ့်ကို
အရှုံးသမားလို့ပြောတဲ့ ကိုယ့်အဖေမှန်တယ်

269
00:31:02,070 --> 00:31:07,305
ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ ကိုယ်ကျရှုံးခဲ့တယ်
အခုထပ်ပြီး မကျရှုံးချင်တော့ဘူး

270
00:31:07,605 --> 00:31:14,228
ကိုယ့်ကိုစောင့်နေပါလို့ မင်းကိုပြောခဲ့တယ်
ဒါပေမဲ့ ကိုယ်ဘယ်လောက်ကြာဦးမလဲ မသိသေးဘူး

271
00:31:15,722 --> 00:31:21,167
ကိုယ့်ကို မင်းမေ့သွားတဲ့အခါ
ကိုယ်ခံစားမိမှာပါ

272
00:31:21,365 --> 00:31:26,874
မင်းကိုယ့်ကို အမှတ်ရနေသရွေ့
ကိုယ်လည်း အမှတ်ရနေဦးမယ်

